မင်းတုန်း စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အမှတ် (၂) ရပ်ကွက်ရှိ အခွန်လွတ်ဈေးတွင် ဈေးရောင်းဈေးဝယ် များ Mask တပ်ဆင်ခြင်းရှိ/မရှိနှင့် ၆ ပေအကွာမှ ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက် ၆ နာရီက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဝင်းနှင့်ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမရှိစေရန် ဈေးရောင်းဈေးဝယ်များ Mask တပ် ဆင်ပြီးမှသာ ဈေးသို့လာရန်နှင့်တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာဖြင့် ဈေးရောင်းချရန်၊ ညွှန်ကြားချက် စည်းကမ်း လိုက်နာမှုမရှိပါက နောင်တွင် ဈေးသို့ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးဆွေးနွေးခဲ့ ကြောင်းသိရှိရသည်။
ချင်းကလေး(NRDC)