နတ်မောက်မြို့နယ်ကျေးရွာများရှိ ဝင်ငွေနည်းအိမ်ထောင်စုများ အား(၁၆)ကြိမ်မြောက် ဆန်၊ ဆီ၊ ဆားနှင့် ပါးစပ်၊ နှာခေါင်းစည်းများလှူဒါန်း

နတ်မောက်  စက်တင်ဘာ    ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ ဝင်ငွေနည်းအိမ်ထောင်စုများအား (၁)ကြိမ်မြောက် ဆန်၊ ဆီ၊ ဆားများ လှူဒါန်းခြင်းကို နတ်မောက်ကွန်ရက် ပရဟိတ လူမှုအကျိုးပြုအသင်းမှ ယမန်နေ့   ည‌နေ(၅)နာရီခွဲအချိန်က  ရေယိုကျေးရွာ ဦးဘိုဖြူနေအိမ်တွင် သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုးပြုအသင်းက ရေယို ကျေးရွာအတွင်းရှိ ဝင်ငွေနည်း အိမ်ထောင်စုများ အား  ဆန်၊ ဆီ၊ ဆားများ လှူဒါန်းရာတွင် ရေယို ကျေးရွာ ဝင်ငွေနည်းအိမ်ထောင်စု(၅)စု အတွက် အိမ်ထောင်စု တစ်စု လျှင် ဆန်(၃)ပြည်၊ ဆီ ငါးဆယ်သား(၁)ဗူးနှင့် ဆားတစ်ထုပ်တို့ကို လှူဒါန်းပေးခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက် အဝတ်နှာခေါင်းစည်း(Mask)များ  လှူဒါန်းပေးခဲ့ကြောင်း သိရသည်၊၊    

လှဝင်း(နတ်မောက်)