မောက်မယ်မြို့၌ ပြည်သူများလုံခြုံရေးနှင့် COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး Maskများတပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌ ပြည်သူများ၏လုံခြုံရေးနှင့် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများအပြင်ထွက်လျှင် Mask များ တပ်ဆင်ခြင်းရှိ/မရှိကို COVID-19 ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ် ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်သူရက ဦးဆောင်၍ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ပူးပေါင်းအဖွဲ့သည် ယမန်နေ့ညနေပိုင်း နှင့်ည(၈)နာရီက ရှောင်တခင်စစ်ဆေးခဲ့သည်။