အမာမြို့တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကြိုတင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်နှင့် ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက အမာမြို့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၌ ဆရာမဒေါ်ခင်ချောစုထွေးနှင့် ဝန်ထမ်းများက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။