ဆီဆိုင်မြို့၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး

ဆီဆိုင်    စက်တင်ဘာ      ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့ အဝင်ပေါက် ၌ ဝင်/ထွက်သွားလာသော ရဟန်းရှင်လူ မိဘပြည်သူများအား  ကျန်းမာရေး စစ်ဆေးပေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်း၊ အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျန်းမားရေး ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့က လူအဝင်အထွက်များသော ဆီဆိုင်မြို့အဝင်ပေါက်တွင် ဝင်/ထွက်သွားလာသော ရဟန်းရှင်လူ မိဘပြည်သူများအား အပြင် ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ပြီး သွားလာကြ စေရေးအတွက် အသိပညာပေးပြောကြားပေးခြင်း၊ လက်ဆေးကန်တွင် လက်ဆေးစေခြင်း၊ လက်သန့် ဆေးရည်ဖြင့်စနစ်တကျ လက်ကိုဆေးကြောပေးခြင်း၊ အပူချိန်တိုင်း ကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာ စစ်ဆေးပေးခြင်း၊ ရပ်ဝေးမှဝင်ရောက်လာသည့် ပြည်သူများ အား စနစ်တကျ မှတ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)