စမ်းချောင်းမြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများသို့ နှာခေါင်းစည်း(mask)များလှူဒါန်း
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် စည်ပင်သာယာသန့်ရှင်းရေး တာဝန်ခံရုံး၊ သန့်ရှင်းရေး ဝန်ထမ်းများနှင့် မိသားစုဝင် များသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း (mask) များ လှူဒါန်းပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က စမ်းချောင်းမြို့နယ် စည်ပင်သာယာ၊ သန့်ရှင်းရေး တာဝန်ခံရုံးခန်းမ၌ ကျင်းပခဲ့သည်။