ဗဟန်းမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များက ရှောင်တခင်စစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လ္ဘက်ရည် ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်မှုရှိ/မရှိကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီများအနေဖြင့် မိမိတို့မြို့နယ်အတွင်းရှိ လ္ဘက်ရည်ဆိုင်များ၊ စားသောက် ဆိုင်များကို ယနေ့ နံနက်ပိုင်းက ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။