ညောင်တုန်းမြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၉)လုံးအတွက် ထောက်ပံ့ငွေ ပေးအပ်

ညောင်တုန်း  စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ ခဲ့ရသည့် နေအိမ်()လုံးရှိ အိမ်ထောင်စုများအတွက် ယမန်နေ့ မွန်းလွဲ နာရီက ဆင်ထုံးကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံး၌ ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။

ဆင်ထုံးကျေးရွာအုပ်စု၊ ငွေသောင်ယံကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အလျား ၄၂၀ ပေ၊ အနံ ၂၄၀ ပေ ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် () လုံး၊ အိမ်ထောင်စု () စုမှ လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာ () ရက်စာ ရန်ပုံငွေ ၅၄၆၀၀ ကျပ်၊ အိမ်ဆောက် ပစ္စည်းရန်ပုံငွေ ၉၀၀၀၀၀ ကျပ် စုစုပေါင်း ၉၅၄၆၀၀ ကျပ်တို့အား ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းစံ၊ မြို့နယ် မီးသတ် ဦးစီးမှူး ဦးမျိုးမင်းသူနှင့် တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)