ကျိုင်းတောင်း စက်တင်ဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ကျိုင်းတောင်းမြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ကျိုင်းတောင်းမြို့ အဝင်အထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်များကို ယနေ့ နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ကျိုင်းတောင်းမြို့သို့ အဝင်အထွက် သွားလာနေသည့် မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသော ရပ်နီးရပ်ဝေး ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင် အချက်အလက်များ ကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း ၊ နှာခေါင်းစည်း(Mask)များ တပ်ဆင် စေခြင်း၊ စနစ်တကျ လက်ဆေးစေခြင်း၊ လူစုလူဝေးရှိသည့် နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ် နိုင်ရန် အသိပညာပေးခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆောင်ရွက်မှုတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲများနှင့် အရပ်ဖက်လူမှုကူညီရေး အသင်းအဖွဲ့များက ပူးပေါင်းပါဝင် ကူညီဆောင် ရွက်ခဲ့ကြောင်းသိရသည်။
ပြန်/ဆက်(ကျိုင်းတောင်း)