သရက် စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ရေပေါ်ကျွန်းကျေးရွာမှ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရေဘေးရှောင်အိမ်ထောင်စု (၁၄) စုအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ယမန်နေ့က ယာယီစခန်း ဖွင့်လှစ်ထားသည့် ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် လူတစ်ဦးလျှင် တစ်ပတ်စာဆန်ဖိုး(၂၁၀၀/-)နှုန်း ဖြင့် ဇေယျသိဒ္ဓိ ဘုန်းတော်ကြီးကျောင်းရှိ ရေပေါ်ကျွန်းကျေးရွာမှ အိမ်ထောင်စု(၁၄)စု၊ လူဦးရေ (၄၈)ဦးအတွက် ငွေကျပ် (၁၀၀၈၀၀/-) ကျပ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းဇော်၊ ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ဝင်းနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးထွန်းနေဦးတို့က ရေဘေးရှောင် အိမ်ထောင်စုဝင်များ လက်ဝယ် အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)