ချင်းပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

ဟားခါး စက်တင်ဘာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ကျင်းပ သွားမည်ဖြစ်ရာ ချင်းပြည်နယ်အတွင်းမှ လွှတ်တော်အသီးသီးသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို သြဂုတ်လ ၃၀ ရက်နေ့ မှစ၍ ကြေညာခဲ့ပြီး ချင်းပြည်နယ် အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေစုစုပေါင်း (၂၁၀)ဦးရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ချင်းပြည်နယ်မှ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် လောင်း (၄၉)ဦး၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း (၆၃)ဦးနှင့် ပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း(၉၈)ဦး စုစုပေါင်း (၂၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း ချင်းတိုင်းရင်းသားများ ပါတီ()နေရာ၊ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (၃၆)နေရာ၊ ခူမီး(ခမီး) အမျိုးသားပါတီ()နေရာ၊ ဇိုတိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးပါတီ()နေရာ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ()နေရာ၊ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ(၃၈)နေရာ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ()နေရာ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ()နေရာ၊ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ(၁၉)နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(၃၆)နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(၃၉)နေရာ၊ ပြည်သူ့ပါတီ()နေရာနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း(၁၇)နေရာ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာစုစုပေါင်း (၂၁၀)နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီ (၁၅)ခုအနက် မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီနှင့် ရခိုင်အမျိုးသားပါတီတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ မရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)