ပန်းတောင်းမြို့နယ် ထုံးဘိုမြို့၌ ရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုမြို့တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးကာလအတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင် များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိကို ယနေ့နံက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

မိုင်းခတ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန်ကြေငြာထားကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြိုနယ်အတွင်း Covid-၁၉ စီးပွားရေးကုစားမှု (CERP) အစီ အစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ် သည့် အခမ်း အနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီး အရာရှိ ဦးရဲသွေးကျော်နှင့် ဝန်ထမ်းများ ၊မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများ တက်ရောက် ခဲ့ကြသည်။

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကမ်းပြိုအိမ်ထောင်စုများအားထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်အုပ်စု၊ သာစည်ကျေးရွာတွင် ကမ်းပြို နေအိမ်(၈၀)လုံးရှိ အိမ်ထောင်စု(၈၀)စုနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း လူဦးရေ(၂၄၄)ဦးတို့ အတွက် ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထောက်ပံ့ငွေများ သွားရောက်ပေးအပ် ခဲ့ကြကြောင်း သိရသည်။

Home Quarantine ထားရှိသော အသွားအလာကန့်သတ် စောင့်ကြည့်ထားသူအား စားနပ်ရိက္ခာများ ထောက်ပံ့

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ်မှ ရောက်ရှိလာသည့် ခရီးသည်တစ်ဦးက ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကုသ ကာကွယ်ရေး ကော်မတီအဖွဲ့သို့ သတင်းပေးပို့လာမှုကြောင့် ခရီးသည် တည်းခိုရာ မြို့သစ်တောဦးစီးဌာန အိမ်ရာတွင် Home Quarantine ထားရှိကာ အသွားအလာ ကန့်သတ် စောင့်ကြည့်ထား လျက်ရှိသည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများသွားရေးလာရေး အဆင်ပြေစေရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မိုင်းနောင်မြို့တွင် အသက်(၂)လမှ(၁)နှစ်ခွဲအထိ ကလေးများအား ပုံမှန် ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေး ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့ တွင် အသက်(၂) လ မှ(၁)နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊တိုက်ကျွေးခြင်းများကို ယနေ့နံနက်(၈)နာရီ က မိုင်းနောင် တိုက်နယ် ကျန်းမာ ရေး ဌာနမှ ဝန်ထမ်းများကဆောက်ရွက်ပေးခဲ့ပါသည်။

ရှမ်းရွာသစ်မြို့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို စက်တင်ဘာလ (၂) ရက်နေ့မှစ၍ ရှမ်းရွာသစ်မြို့ရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။

ဝေါမြို့မ‌ဈေး၌ အိုင်အိုဒင်းဓာတ်ပါသည့် ဆား‌ရောင်းချနိုင်‌ရေးအတွက် ဈေးဆိုင်များအား ကျန်းမာရေးအသိပညာပေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက‌ ဈေးဆိုင်များကို အိုင်အိုဒင်းဓာတ်ပါသည့် ဆား‌များ ‌ရောင်းချနိုင်ရေး အတွက် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ပင်းတယမြို့အဝင် အထွက်ရှိ ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် တာဝန် ထမ်းဆောင် နေသူများ အသုံးပြုရန်အတွက်နှာခေါင်းစည်းနှင့်လက်ဆေးဆပ်ပြာရည်များ လာရောက်လှူဒါန်း

ရှမ်းပြည်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အဝင်/အထွက်နေရာ များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်များတွင် တာဝန် ထမ်းဆောင် နေသူများ အသုံးပြုရန်အတွက် နှာခေါင်းစည်းများနှင့် လက်ဆေးဆပ်ပြာရည် များကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အလှူရှင်များမှလာရောက်လှူဒါန်းခဲ့ကြောင်းသိရ သည်။
Subscribe to