ပန်းတောင်းမြို့နယ် ထုံးဘိုမြို့၌ ရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေး

ပန်းတောင်း  စက်တင်ဘာ  ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုမြို့တွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးကာလအတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင် များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချ ခြင်းရှိ၊ မရှိကို ယနေ့နံက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေး ဦးစီးမှူး ဒေါ်လွင်လွင်မိုးနှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်မိုးကျော်၊ ထုံးဘို ကျန်းမာ ရေးမှူး ဒေါ်ကြည်ကြည်သန်း ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောကျော်လှိုင်၊ စျေးကော်မတီနှင့် စျေးခေါင်းတို့က ထုံးဘိုစျေးအတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင် များ၊ လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ထားရှိနိုင်ရေး လက်ဆေးဘေစင်နှင့် ရေမလို လက်သန့် ဆေးဘူးများ ဆောင်ရွက်ထားရှိရေး ရောင်းဝယ် ရာ၌လည်း ငွေလက်ခံသူနှင့် အစားအသောက် ပြင်ဆင်ပေးသူ တစ်ဦးစီထားရှိရေး အစားသောက်ကြော်ငြာကပ်များ စားပွဲဝိုင်း တစ်ဝိုင်းလျှင် တစ်ခု စနစ်တကျ ဆောင်ရွက်ထားရှိရေးတို့ကို စစ်ဆေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် မိမိကစ၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး ဆွေးနွေးပြောကြား အသိပညာ ပေးခဲ့ကြောင်းသိရသည်။

သင်းသင်းအေး(ပြန်/ဆက်)