ဝေါမြို့မ‌ဈေး၌ အိုင်အိုဒင်းဓာတ်ပါသည့် ဆား‌ရောင်းချနိုင်‌ရေးအတွက် ဈေးဆိုင်များအား ကျန်းမာရေးအသိပညာပေးဆောင်ရွက်

ဝေါ စက်တင်ဘာလ ၄

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းက‌ ဈေးဆိုင်များကို အိုင်အိုဒင်းဓာတ်ပါသည့် ဆား‌များ ‌ရောင်းချနိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးစန်း‌အောင်၊ သားဖွား ဆရာမ ဒေါ်ချိုမွန်သော်နှင့် ဒေါ်ယုဇနရွှေစသည့် တာဝန်ရှိသူများက အိုင်အိုဒင်းဓာတ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ သိုင်းရွိုက်ဟော်မုန်း ထုတ်ဖို့ရာ ကုန်ကြမ်းဖြစ်ပါပြီး လူကြီးမှာ တစ်နေ့ကို 150mg လောက် လိုအပ်ပြီး ကိုယ်ဝန် ဆောင်မှာတော့ 220mg ၊ နို့တိုက်မိခင်မှာ 290mg လောက်လိုအပ်‌ကြောင်း၊ အိုင်အိုဒင်းဓာတ် ထည့်သွင်းပြုပြင်ထားတဲ့ ဆား၊ ပင်လယ်စာ၊ နို့၊ ချိစ့်နဲ့ ဥတွေကနေ အိုင်အိုဒင်းဓာတ် ရနိုင်ကြောင်း‌၊ အိုင်အိုဒင်းဓာတ်ပါသည့် ဆားစားသုံးခြင်းဖြင့် ကိုယ်ဝန် ဆောင်ချိန်မှာ ခန္ဓာကိုယ်ဟာ သိုင်းရွိုက်ဟော်မုန်းကို ထုတ်ပေးပြီး အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်တဲ့ ဉာဏ်ရည်နိမ့်ပါးမှု၊ ဒါ့အပြင် မွေးဖွားလာတဲ့ ကလေးတွေမှာ ကြီးထွားဖွံဖြိုးမှု ရပ်တန့် တာ၊ အာရုံစူးစိုက်မှု အားနည်းတဲ့ရောဂါ စတာတွေကို ကာကွယ်နိုင်မှာဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ အနေနဲ့ အိုင်အိုဒင်းကို နေ့တိုင်း ထည့်သွင်း စားသုံးသင့်တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝေါမြို့မ ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ ကျန်းမားရေးအသိပညာ‌ ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)