ရှမ်းရွာသစ်မြို့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ

ရှမ်းရွာသစ်၊ စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို စက်တင်ဘာလ (၂) ရက်နေ့မှစ၍ ရှမ်းရွာသစ်မြို့ရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုရှိပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံ(၁၆)ရုံဖွင့်လှစ်ထားရာ ပထမအကြိမ်ကပ်ထားကြေညာပြီးဖြစ်သည့် မဲ ဆန္ဒရှင်စာရင်းများ ပြင်ဆင်ဖြည့်စွက်ပြီးဖြစ်ကြောင်း၊ ရှမ်းရွာသစ်မြို့အတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၅) ဦး၊ အမျိုးသားလွှတ်တော်အမတ် - ၉ (၅)ဦး၊ ပြည်နယ်လွှတ်တော် - ၁ (၆)ဦး၊ ပြည်နယ်လွှတ်တော် - ၂ (၅)ဦး၊ ဗမာတိုင်းရင်းသားဝန်ကြီး (၁၀) ဦး၊ မွန်တိုင်းရင်းသားဝန်ကြီး (၈) ဦးနှင့် ပအိုဝ်းတိုင်းရင်းသားဝန်ကြီး (၉) ဦးတို့ ပါဝင်ယှဉ်ပြိုင်မည့် ပါတီကိုယ်စားလှယ်လောင်းအမည်စာရင်းများအား မြို့ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်/ကျေး ရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားပြီးဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)