ပင်းတယမြို့အဝင် အထွက်ရှိ ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် တာဝန် ထမ်းဆောင် နေသူများ အသုံးပြုရန်အတွက်နှာခေါင်းစည်းနှင့်လက်ဆေးဆပ်ပြာရည်များ လာရောက်လှူဒါန်း

 

ပင်းတယ    စက်တင်ဘာ   

ရှမ်းပြည်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အဝင်/အထွက်နေရာ များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်များတွင် တာဝန် ထမ်းဆောင် နေသူများ အသုံးပြုရန်အတွက် နှာခေါင်းစည်းများနှင့် လက်ဆေးဆပ်ပြာရည် များကို ယမန်နေ့ မွန်းလွဲ   နာရီအချိန်က အလှူရှင်များမှလာရောက်လှူဒါန်းခဲ့ကြောင်းသိရ သည်။

အဆိုပါ နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာရည်များကို တောင်ပေါ်ကြီးကျေးရွာ ရွာဦး တပ်ပေါက်ကျောင်းမှ ရေကြည်စမ်းပညာဒါနဖော်ဒေးရှင်းမှ ဦးဆောင်ဆရာတော် ဦးသုမနနှင့် ရေကြည်စမ်း ပညာ့ဒါန ဖောင်ဒေးရှင်း အမျိုးသမီးစက်ချုပ်သူများအဖွဲ့မှ ကိုယ်တိုင်ချုပ်လုပ်ထားသည့် နှာခေါင်းစည်းများကို တစ်ဦးလျင် ခုနှုန်းဖြင့် လည်းကောင်း၊ လက်ဆေးဆပ်ပြာရည်များကိုလည်းကောင်း ပင်းတယမြို့အဝင်/ အထွက် ကျန်းမာရေး စစ်ဆေးရေး ဂိတ်များတွင် တာဝန်ထမ်း ဆောင်နေသူများအသုံးပြုရန် အတွက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရေကြည်စမ်းပညာဒါနဖောင်ဒေးရှင်းကို တောင်ပေါ်ကြီးကျေးရွာ ရွာဦးတပ်ပေါက် ကျောင်းမှ ဆရာတော် ဦးသုမနက ဦးဆောင်၍ (အခမဲ့)စက်ချုပ်သင်တန်းများကို ဖွင့်လှစ်ပေး လျက်ရှိပြီး ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကာလ၌ အမျိုးသမီးများအလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်အတွက် နှှာခေါင်း စည်းများ ချုပ်လုပ်ခြင်းလုပ်ငန်းအပြင် လက်ဆေး ဆပ်ပြာရည်ထုတ်လုပ်သည့် လုပ်ငန်းများကို လုပ်ဆောင် လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာလ အတွင်း နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာရည်များကို ပြည်သူများထံ လိုအပ်သ လို ပေးအပ် လှူဒါန်းလျက်ရှိကြောင်းလည်းသိရသည်။

ခင်မျိုးနွယ်(ပင်းတယ)