ခိုင်ကမ်း စက်တင်ဘာ ၄
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ်မှ ရောက်ရှိလာသည့် ခရီးသည်တစ်ဦးက ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကုသ ကာကွယ်ရေး ကော်မတီအဖွဲ့သို့ သတင်းပေးပို့လာမှုကြောင့် ခရီးသည်တည်းခိုရာ မြို့သစ်တောဦးစီးဌာန အိမ်ရာတွင် Home Quarantine ထားရှိကာ အသွားအလာ ကန့်သတ် စောင့်ကြည့်ထား လျက်ရှိသည်။
Quarantine ဝင်ရောက်နေစဉ်အတွင်း နေ့စဉ်စားသောက်မှု ဆိုင်ရာများ အခက်အခဲ မဖြစ်စေရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန် က ခိုင်ကမ်းမြို့ Khaikam Yout for COVID-19 Responseအဖွဲ့က ဆန်၊ ဆီ၊ ကုလားပဲ စသည့် အခြေခံ စားသောက်ကုန်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)