စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းပို့ချ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ပညာပေး သင်တန်း(၁/၂၀၂၀)ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇာတိမာန်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ဓနုဖြူမြို့တွင် တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချခြင်းရှိ/ မရှိ စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့မဈေးအတွင်းရှိ ကြက်သားရောင်းချသည့် ဆိုင်များတွင် တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစားများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ကွင်ဆင်းဆောင်ရွက်ခဲ့သည်။

ဆဒုံးမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံပေး

ကချင်ပြည်နယ်၊ ဆဒုံးမြို့၌ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်​ ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ကျေးလက်ဆေးပေးခန်း၌ ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားရာဈေးများ၌ Mask တပ်ဆင်ရေး စစ်ဆေးဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လူစည်ကားရာနေရာများ၊ ဈေးများတွင် ကျန်းမာရေးအသိပညာပေးဆောင်ရွက်ခြင်းနှင့်ဈေး ရောင်း၊ ဈေးဝယ်များ Mask စနစ်တကျတပ်ရေးစစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိ ရသည်

တာချီလိတ်မြို့ အဝင်လမ်းဆုံနေရာ၌ မီးဆိုင်းကြီးများတပ်ဆင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အဝင် လမ်းဆုံနေရာ၌ ပြည်သူများ ညအချိန် ဘေးအန္တရာယ်ကင်းစွွာ သွားလာနိုင်ရေးနှင့် သန့်ရှင်း သာယာလှပရေးအတွက် မီးဆိုင်းကြီးများ တပ်ဆင်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။

လေးမျက်နှာ၌ အေးခဲအသားများ၊ ကုန်ညွှန်းအမှတ်အသား ကိုက်ညီမှုမရှိသော အလှကုန်ပစ္စည်းများ စျေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၌ တရာမဝင် အေးခဲအသားများ (ကြက်သား၊ ကြက်ကလီစာ)၊ ကုန်ညွှန်းအမှတ်အသား ကိုက်ညီမှုမရှိသော အလှကုန်ပစ္စည်းများ စျေးကွက်အတွင်း တင်သွင်း ရောင်းချခြင်း မရှိစေရန်အတွက် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီက အောင်မင်္ဂလာစျေးနှင့် မြို့ပေါ်ရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

သစ္စာစီမံချက်ဖြင့် မြန်အောင်မြို့ အမှတ် (၆) ရပ်ကွက်၌ မဲစာရင်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား နံပတ်များ ဖြည့်သွင်း ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ကြည့်ရှုစစ်ဆေ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးက ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ် ပြည့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား နံပတ်များ ဖြည့်သွင်းပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ရပ်ကွက်/ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြန်အောင်မြို့အမှတ် (၆) ရပ်ကွက်တွင် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ဆောင်ရွက်ထားရှိ

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ဩဂုတ်လ ၂၈ ရက်နေ့ကစတင်၍ ဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ (CERP) အရ ၂၀၂၀ ပြည့်နှစ် မိုးစပါးစိုက် ပျိုးရာသီအတွက် မျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ်မျိုးစေ့နှင့် စိုက်ပျိုးစရိတ်ဖိုး ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉နာရီက ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည် နှိုးဆော်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ရေး၊ အရေးပေါ်တုံပြန်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ(၅)နာရီက မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်များအတွင်းသို့ သွားရောက်ကာ လှည့်လည်နှိုးဆော်ခဲ့‌ကြောင်းသိရသည်။
Subscribe to