မိုင်းခတ် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ထုတ်ပြန်ကြေငြာထားကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မိုင်းခတ်မြို့နယ်မှ နိုင်ငံရေးပါတီ(၇)ခု ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၄) ဦး၊ အမှတ်(၁)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း(၆)ဦးနှင့် အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း(၄)ဦး စုစုပေါင်း(၁၄)ဦး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ ၃၀ ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာ၊ အုပ်စုများ အထိ ကပ်ထားကြေငြာခဲ့ရာ ဒေသခံမဲဆန္ဒရှင် ပြည်သူများက လာရောက်လေ့လာ ကြည့်ရှုလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မိုးဒေ (ပြန်/ဆက်)