သပိတ်ကျင်းမြို့နယ်အတွင်း ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း၌ မွေးကင်းစမှ (၂) နှစ်အတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယမန်နေ့နံနက်ပိုင်းက (၄) မိုင် ကျေးရွာနှင့် (၆) မိုင်ကျေးရွာတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပုံမှန်ကာကွယ်ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွန်းဇံမြို့၌ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ(၄)ရက် ယနေ့ နံနက် ၉ နာရီအချိန်တွင် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။

သွေးလွန်တုပ်ကွေးအန္တရာယ်မဖြစ်ပွားစေရေး Global Bio Luck Co.,Ltd မှ သပိတ်ကျင်းမြို့နယ်အတွင်း ပိုးသတ်ဆေးဖျန်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဌာနဆိုင်ရာ ရုံးများ၊ ဈေးများအား Global Bio Luck CO.,Ltd မှ ယမန်နေ့ နေ့လယ်က ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအမည်စာရင်း ပြည့်စုံမှန်ကန်၊ကျန်ရှိမှုမရှိစေရေး တိုက်ဆိုင် စစ်ဆေးခြင်း များ ဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်း ပြည့်စုံမှန်ကန်မှုရှိရေးနှင့်

တကောင်းမြို့တွင် ကိုဗစ် − ၁၉ စီးပွါးရေးကုစားမှု (CERP) အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ကိုဗစ် − ၁၉ စီးပွါးရေးကုစားမှု (CERP) အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က တကောင်းမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့၌ နေအိမ်မှ ပြင်ပသို့ထွက်ခွာရာတွင် နှာခေါင်းစည်းတပ်ဆင်ရေး အသိပညာပေးခြင်းနှင့် အခမဲ့ဝေငှပေး

ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန်နှင့် ကူးစပ်မှုမရှိစေရေးအတွက် အများပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မပါရှိသူများအား အခမဲ့ဝေငှ ပေးခြင်းတို့ကို ယမန်နေ့ ညနေ ၄ နာရီက ဆောင်ရွက်ခဲ့သည်။

ညောင်တုန်းမြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂) လုံးအတွက် ထောက်ပံ့ငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂) လုံးရှိ အိမ်ထောင်စုများအား ယမန်နေ့ နေ့လယ် ၃ နာရီက အမှတ် (၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

COVID-19 စီးပွား​ရေးကုစားမှု (CERP)အစီအစဉ်ဖြင့် မိုးစပါးမျိုး​​စေ့ထုတ်စိုက်ဧက (၅၀)အတွက် ​ဒုတိယ အကြိမ် ထောက်ပံ့​​ငွေများ​ပေးအပ်

COVID-19 စီးပွား​ရေးကုစားမှု (CERP)အစီအစဉ်အရ မိုးစပါးမျိုး​​စေ့ထုတ်စိုက်ဧက (၅၀) အတွက် ဒုတိယ အကြိမ် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက်(၉)နာရီက ညောင်ရွှေမြို့နယ် စိုက်ပျိုး ရေး ဦးစီးဌာန ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရွှေပြည်သာမြို့နယ်အတွင်းရှိ ဈေးများ၌  ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ရွှေပြည်သာမြို့နယ်အတွင်းရှိ လှော်ကားနီလာဈေးနှင့် ထန်းခြောက်ပင် ပတ္တမြားဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှကြိုတင်ကာကွယ်ရန် အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန်ဝေပေးခြင်းများကို ယနေ့ပိုင်းတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်

လေးမျက်နှာမြို့နယ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများ ကပ်ထားကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို စက်တင်ဘာလ ၂ ရက်နေ့တွင်စတင်ကာ လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် လေးမျက်နှာမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေငြာ ထားကြောင်း သိရသည်။
Subscribe to