ရွှေတောင် စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်အုပ်စု၊ သာစည်ကျေးရွာတွင် ကမ်းပြို နေအိမ်(၈၀)လုံးရှိ အိမ်ထောင်စု (၈၀) စုနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း လူဦးရေ(၂၄၄)ဦးတို့ အတွက် ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထောက်ပံ့ငွေ များ သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကမ်းပြိုဘေးသင့်နေအိမ် (၈၀)လုံးရှိ အိမ်ထောင်စု (၈၀)စုဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း တို့အတွက် အိမ်ထောင်စု တစ်စုလျှင် (၂)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဘိုးငွေ(၁၆၂)သိန်းအား ပြန်လည်နေရာချထားရေးအတွက် ကမ်းပြိုပြည်သူများ၏ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)