မိုင်းကိုင်မြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

 

မိုင်းကိုင်     စက်တင်ဘာ     ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြိုနယ်အတွင်း Covid-၁၉ စီးပွားရေးကုစားမှု (CERP) အစီ အစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ဒုတိယအကြိမ်  ထောက်ပံ့ငွေများ  ပေးအပ် သည့် အခမ်း အနားကို  ယနေ့ နံနက်ပိုင်းက  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌  ကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ  ဥက္ကဋ္ဌ  ဦးရဲထွန်းအောင်နှင့်  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီး အရာရှိ ဦးရဲသွေးကျော်နှင့် ဝန်ထမ်းများ ၊မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများ တက်ရောက် ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ၂၀၂၀ ပြည့်နှစ် ၊ မိုးရာသီကာလအတွင်း  မိုးစပါးမျိုးစေ့ထုတ်  စိုက်ပျိုးလျှက် ရှိသော  တောင်သူ ၇၀ ဦး၊ လယ်မြေဧက ၃၀၀ ဧက အတွက်   ယခင်ဩဂုတ်လ  တတိယအပတ်အတွင်း  မျိုးစေ့နှင့် စိုက်ပျိုး စရိတ်ငွေများ  ထောက်ပံ့ပေးခဲ့ပြီး  ယခုတဖန်  ဒုတိယအကြိမ်အဖြစ်   မျိုးကွဲပယ်ခြင်း ကုန်ကျစရိတ် တစ်ဧကလျှင် ငါးသောင်းကျပ်၊ သန့်စင်ခြင်းကုန်ကျစရိတ် တစ်ဧက လျှင် တစ်သောင်းငါးထောင် ကျပ် လယ် မြေဧက ၃၀၀ ဧက အတွက် ထောက်ပံ့ငွေစုစုပေါင်း  ငွေကျပ် ၁၉၅ သိန်းကျပ် ကို  တာဝန်ရှိသူများ က  တောင်သူ များအား  ထပ်မံထောက်ပံ့ပေးခဲ့ကြောင်း  သိရှိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)