မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများသို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာ ပေးခြင်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ရပ်ကွက်များအတွင်းရှိပြည်သူများသို့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်း အချိန်ကအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခဲ့ကြသည်။