မိုင်းနောင် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့ တွင် အသက်(၂) လ မှ(၁)နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊တိုက်ကျွေးခြင်းများကို ယနေ့နံနက်(၈)နာရီ က မိုင်းနောင် တိုက်နယ် ကျန်းမာ ရေး ဌာနမှ ဝန်ထမ်းများကဆောက်ရွက်ပေးခဲ့ပါသည်။
အဆိုပါ ဆေးတိုက်ကျွေးရာတွင် မြို့ပေါ်(၅)ရပ်ကွက် အတွင်းရှိ ကလေးများ အားကျန်းမာ ဖွံ့ဖြိုး ဉာဏ်ရည် တိုးစေရန် အတွက် ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးသည့် အပြင်၊ ကိုယ်ဝန် ဆောင် မိခင်များကိုလည်း ကျန်းမာရေးစစ်ဆေးပေးခြင်း၊ကာကွယ်ဆေးထိုးခြင်းများကိုပုံမှန် ဆောင်ရွက်ပေး ပါကြောင်း သိရှိရပါသည်။
ဆက်လက်၍ မိခင်နှင့်ကလေးများ (Covid-19)ရောဂါ ကူးစက်ခြင်းမှကာကွယ်နိုင်ရန် ရောဂါကူးစက်နိုင် ခြေရှိ သည့်နည်းလမ်းများ၊ကာကွယ်နိုင်မည့်နည်းလမ်းများ၊သံသယ ဖြစ်ဖွယ်လက္ခဏာများ အကြောင်းကို အသိ ပညာပေးဟောပြောပေးပါကြောင်းသိရှိရပါသည်။
မိုင်းနောင် ပြန်/ဆက်