သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကပ်ထားကြေညာ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းကို ဩဂုတ်လ (၃၀) ရက်နေ့မှစ၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့ နံနက်ပိုင်းက လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ​ဒေါ်မိုးမိုးစုကြည်သည် မြို့နယ် စည်ပင်သာယာ​ရေးကော်မတီဥက္ကဋ္ဌ၊ လမ်းတံတားတာဝန်ခံ၊ ​ရေစီးရေလာတာဝန်ခံ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ တာဝန်ရှိသူများနှင့် အတူစီမံ ကိန်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်​ လုပ်ငန်းခွင်များသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။

ကျိုက်မရော၌ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး ဌာနဆိုင်ရာ အဖွဲ့များမှကွင်းဆင်း စစ်ဆေးပေး

မော်လမြိုင်ခရိုင်၊ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ၈ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီ စုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈နှစ်ပြည့်ပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိ သူတိုင်း မဲပေး ပိုင်ခွင့် ရရှိရေးအတွက် မဲစာရင်းများတွင် အမည်များမှန်ကန်မှုရှိရေးနှင့် ကျန်ရှိမှုများ မဖြစ်ပေါ် စေရေးအတွက် ကျိုက်မရောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင် လမ်းညွှန် မှုဖြင့် ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာ တာဝန်ရှိသူများမှမိမိတို့တာဝန်ကျရာ ကျေးရွာ အသီးသီး ရှိသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့သွားရောက်၍ မြေပြင် ရှိမဲ ဆန္ဒရှင် ပြည်သူများ အားတစ်အိမ်တက်ဆင်း ကွင်းဆေး၍စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် (၃)ထပ်ဝန်ထမ်းနေအိမ် (၁)လုံးဆောက်လုပ်ခြင်း၊ (၂)ထပ် မီးသတ် စခန်းများ ဆောက်လုပ်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်ပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် Mask တပ်ဆင်သွားလာရေး အသိ ပညာပေးခြင်းနှင့် စျေးအတွင်းရှိ စျေးဆိုင်ခန်းများ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချစေရေးအတွက် ယနေ့ နံနက် ၁၀နာရီ အချိန်က အသိပညာပေး ဆောင်ရွက်ခဲ့သည်။

​ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်ကြက်​​ခြေနီတပ်ဖွဲ့များသို့ နှာ​ခေါင်းစည်းများနှင့် တစ်ခါသုံးလက်အိတ် များလှူဒါန်း

ရန်ကုန်​မြောက်ပိုင်းခရိုင်အတွင်းရှိ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊​​ မှော်ဘီမြို့နယ်၊ ရွှေပြည်သာ မြို့နယ်များတွင် အသုံးပြုရန် နှာ​ခေါင်းစည်းများနှင့် တစ်ခါသုံးလက်အိတ်များ ကို IR HOTAL (နန်း​တော်ဝင်)နှင့် အလှူရှင်များက လှူဒါန်းရာ ​မြောက်ပိုင်းခရိုင်ကြက်​ခြေနီဥက္ကဋ္ဌ ဦးနေဆန်းက လက်ခံယူ ပြီး အင်းစိန်မြို့နယ် ကြက်​ခြေနီတပ်ဖွဲ့၊ မင်္ဂလာဒုံမြို့နယ် ကြက်​​​ခြေနီတပ်ဖွဲ့၊ ​မှော်ဘီမြို့နယ် ကြက်​​ခြေနီ တပ်ဖွဲ့၊​ ရွှေပြည်သာမြို့နယ် ကြက်​ခြေနီတပ်ဖွဲ့ များသို့ ယ​နေ့ နံနက် ၉ နာရီက ဆက်လက်လှူဒါန်းခဲ့​ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာ‌ရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာ ဗဟု သုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုလျော့ချစေရန်ရည်ရွယ်၍ ယမန်နေ့တွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများနှင့် အစာအာဟာရကျွေးမွေးခြင်းဆိုင်ရာ ကျန်းမာရေးနှစ်သိမ့်ဆွေးနွေးပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးများအား ပုံမှန်ထောက်ပံ့ငွေများ ပေးအပ်

ကန်ပက်လက်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပုံမှန်ထောက်ပံ့ပေးလျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်ခြင်း ကို ယနေ့နံနက် (၉)နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။

နတ်မောက်မြို့နယ် ကျေးရွာများရှိ ဝင်ငွေနည်းအိမ်ထောင်စုများအား KBZ  BANK နှင့် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ် ရိက္ခာထောက်ပံ့ရေးကော်မတီမှ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ထောက်ပံ့ လှူဒါန်း            

နတ်မောက်မြို့နယ် ကျေးရွာများရှိ ဝင်ငွေနည်း အိမ်ထောင်စုများအား KBZ BANK နှင့် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီမှ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငွေသားတစ်သောင်းကျပ်ကို သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် ဧက ၅၃၀အတွက် ထောက်ပံငွေ ပေးအပ်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်(CERP)ဖြင့် ဆောင်ရွက်သည့် ထောက်ပံ့ငွ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။
Subscribe to