သထုံခရိုင် ဘီးလင်းမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

သထုံခရိုင်၊ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် (Woman Club)တို့ ပူးပေါင်း ၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြု လုပ်ခဲ့ သည်။

လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား ထောက်ပံ့ရေး ပစ္စည်းများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဝန်းထမ်းများ အဆင်ပြေ စေရေးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဒဂုံ​​မြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အစီအစဉ်ဖြင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေမှုကို ယနေ့ နံနက်(၉)နာရီအချိန်က လူများ စုဝေးသွားလာလျက်ရှိသော နေရာများသို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က ဦးဆောင်၍ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့ရှိ CBFQ စခန်းများ၊ ရပ်ကွက်များ၊ ဘူတာရုံများသို့ အုပ်ချုပ်ရေးအဖွဲ့များ ကွင်းဆင်း စစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးတိုးလွင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးဝေလင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသောအဖွဲ့များသည် ယမန်နေ့ နေ့လယ် ပိုင်းတွင် CBFQ စခန်းများ၊ ရပ်ကွက်များ၊ ဘူတာရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။

ပေါင်းတည်မြို့တွင် သစ်ပင်ပိ၍ နေအိမ်ပြိုလဲခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မေခိုင်ဆက်နှင့်ဝန်ထမ်းများ သည် ယနေ့ နံနက် ၉ နာရီက ပေါင်းတည်မြို့နယ် အုပ်ဖို(၂)ရပ်ကွက် ၃ ရလမ်းအနောက်ပိုင်း အတွင်း လမ်း၌ စက်တင်ဘာ(၂)ရက်နေ့ညက သစ်ပင်ပိ၍ နေအိမ်ပြိုလဲသွားခဲ့သည့် အိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး(၂)သိန်းကျပ်၊ လူဦးရေ(၁၉)ဦးအတွက် ဆန်ဘိုး(၃၉၉၀၀)ကျပ်နှင့် အိမ်ထောင်စု (၄)စုအတွက် ပစ္စည်း(၁၆)မျိုးပါ ၁၃၉၀၁၂ ကျပ်တန်ဘိုးရှိ ထောက်ပံ့ရေးပစ္စည်း ပုံး(၄)ပုံးတို့အား အုပ်ဖို(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှထွေး စာရေးဝန်ထမ်းများနှင့်အတူ နေအိမ်ပြိုလဲခဲ့သည့် ပြည်သူများ၏ နေအိမ်သို့သွား ရောက်ပြီး လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်၊ အင်းယာကျေးရွာ၌ ကျေးရွာဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း အောင်မြင် ပြီးစီး

  ``ကျေးလက်လူထုအခြေပြု ဖွံ့ဖြိုးမှုကိုတို့ရှေးရှု" ဟူသော ဆောင်ပုဒ်နှင့်အညီ ပေါက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်၍ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထ)နှစ် စက်ဝန်းထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာလူထုထည့်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပြီး စီးအောင်မြင်ခဲ့သော ကျေးရွာဘက်စုံသုံးခန်းမ ဆောင်တည် ဆောက်ပြီးစီးမှု အတွက်လူထုစစ်ဆေးပွဲကို ပေါက်မြို့နယ် ကမ်းပျိုကျေးရွာအုပ်စု အင်းယာကျေးရွာ၌ ယမန်နေ့ နံနက်၉နာရီက ကျင်းပသည်။

မိုင်းပန်မြို့နယ်၊ ဝိုးလိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊မိုင်းပန် မြို့နယ်၊ ဝိုးလိုင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်း များမှ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေး အတွက် အသိပညာ ပေးပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဇလွန်​မြို့နယ်အတွင်းရှိ စား​သောက်ဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေး ခဲ့​ကြသည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဌမနေ့ကျင်းပ

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဌမနေ့ကို ယနေ့နံနက် (၁၀) နာရီက လွှတ်တော်ခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် လွှတ်တော်အမတ်များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ကြေးငေွပေးနိုင်ရန် ငွေဗိုက် (Ngwe bike) Application ပြုလုပ်နည်းဝန်ဆောင်မှုဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ငွေကျပ်(၃၀၀၀၀) တစ်ကြိမ် ထောက်ပံ့နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်များ ထောက်ပံ့ကြေးငွေရယူနိုင်ရန် Google Play Store နှင့် Apple Store တို့တွင် ငွေဗိုက် (Ngwe Bike) Application ကို Download ရယူပြီး စာရင်း ပေးသွင်းနိုင်ကြောင်းနှင့် နားလည်မှုမရှိပါက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လူကိုယ်တိုင် အထောက်အထားနှင့်တကွ စာရင်းလာရောက်သွင်းပါက လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများမှ Phone Application အတွင်း စာရင်းရေးသွင်းပေးလျက်ရှိကြောင်း သိရသည်။
Subscribe to