တုံတာ စက်တင်ဘာ ၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်၁နှစ်ခွဲမှ ၁၅နှစ်အောက် ကလေးများအား ဆုံဆို့နာရောဂါကာ ကွယ် ဆေးနှင့် အမှီလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီခန့်က တုံတာမြို့တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် တုံတာမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထက်တန်း သူနာပြုဒေါ်အေးသီတာ၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းလှအေးနှင့် ကျန်းမာရေး ဝန်ထမ်းများက အိမ်ထောင်စုအလိုက် စာရင်းရေးသွင်း ကောက်ယူပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနံပေးခြင်းများကို တုံတာမြို့ပေါ်ရပ်ကွက်များရှိ သက်ဆိုင်ရာ စုရပ်နေရာများ၌ စက်တင်ဘာလ ၈ ရက်မှ ၁၁ ရက်အထိ ၄ ရက်ကြာ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တုံတာမြို့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)