မန်ကန်မြို့၌ ကိုဗစ်-၁၉ ရောဂါအကြောင်းသိကောင်းစရာ အသိပညာပေး နံရံကပ် စာစောင်ပြသထား

မန်ကန် စက်တင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ပြသထားသော ကိုဗစ်-၁၉ ရောဂါ အကြောင်းသိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်အား ယနေ့နံနက်ပိုင်းက ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ၊ကူးစပ်နိုင်သည့်နည်းလမ်းများ၊ ရောဂါကာကွယ်နိုင်သည့်နည်းလမ်းများ၊ နှာခေါင်းစည်း တပ်ဆင်ခြင်းဖြင့် ကူးစပ်မှုကာကွယ်ပုံများ၊ လက်ဆေးနည်းများနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား ပြသထားကြောင်း သိရ သည်။

ကျော်ဇင်ထက်(ပြန်/ဆက်)