ဟိုပန် စက်တင်ဘာ ၈
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနက Covid-19 ကာလ တောင်သူများ စိုက်ပျိုးရေး လုပ်ငန်းများအတွင် အထောက်အကူပြုစေရန် အစေ့ထုတ်ပြောင်း မျိုးစေ့ယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက်ရိပ်သိမ်းခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မိန်းပန်း ရှမ်းရပ်ကွက်၊ ဘတ်စုံသုံးစံပြကွက်ရှိ တောင်သူဦးအောင်မြင့်၏လယ်(၁)ဧကတွင် ပြုလုပ်ခဲ့သည်။
ဟိုပန်မြို့ရှိ တောင်သူများကို ဒေသနှင့်ကိုက်ညီသော အစေ့ထုတ်ပြောင်းမျိုးများအားသိရှိနိုင်ရန်အတွက် အစေ့ထုတ်ပြောင်း မျိုးစေ့များဖြစ်သည့် CP-112 ၊ JD-8 ၊ CP-808 ၊ CP-111 မျိုးများကို မေလ ၂၅ ရက်နေ့တွင် စိုက်ပျိုးထားရှိပြီး စက်တင်ဘာလ (၇) ရက်နေ့တွင် ဟိုပန်မြို့၏ ရေမြေဒေသ နှင့်ကိုက်ညီသည့်မျိုးစေ့ကို တိုင်းတာသိရှိရန်အတွက် စံကွက်ရိပ်သိမ်းတိုင်းတာရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါပြောင်းမျိုးအထွက်နှုန်းများမှာ CP-112သည် တစ်ဧကလျှင် (၈၂.၅၀)တင်း၊ CP-111 သည် (၈.၂၅)တင်း၊ JD-8 သည် (၈၁.၁၀)တင်း၊ CP-808သည် (၈၁.၅၀)တင်း အသီးသီးအထွက်နှုန်း များရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)