ပြင်စလူမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆောင်ရွက်

ပြင်စလူ  စက်တင်ဘာ  ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယမန်နေ့မွန်းလွဲ ၁ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book  Club)မှ ၁၉၈၉ခုနှစ် အမျိုးသားစာပေဆုရစာအုပ်မှ စာရေးဆရာ လယ်တွင်းသား စောချစ်ရေးသားသည့် ``ပန်းလိုချင် အပင်ကို ပျိုးတတ်မှ´´ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့ဦးစီးမှူး ဦးဇော်ဝင်းထွန်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်များကို ရှင်းလင်းပြောကြားပြီး  Book  Club ဥက္ကဋ္ဌဦးရဲဝင့်ထွန်းက " ပန်းလိုချင် အပင်ကိုပျိုးတတ်မှ"၊ ဦးသက်နိုင်ထွန်း က "ကလေးနှင့်ပတ်ဝန်းကျင်"၊ ဦးကြည်ညွန့် က "ကလေးကို ရိုက်သင့်/မရိုက်သင့်" ခေါင်းစဉ်များဖြင့် ဦးဆောင် ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော  Book Club အသင်းဝင်များနှင့် စာပေဝါသနာရှင်များမှ "ပန်းလိုချင် အပင်ကို ပျိုးတတ်မှ" စာအုပ်ကိုဖတ်ရှု့ခြင်းမှ ရရှိလာသည့် မိမိတို့၏အမြင်နှင့် ရှုထောင့် အမျိုးမျိုးတို့ကို အပြန်အလှန် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဇင်ဖြိုးသူ (ပြန်/ဆက်)