ရန်ကုန် စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ ရေစီးရေလာကောင်းမွန်အောင် အုတ်ရေမြောင်း ပြုလုပ် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် တောင်သူကုန်းရပ်ကွက်အတွင်း ရပ်ကွက်နေပြည်သူများနှင့် အလှူရှင်များ ဟန်ချက်ညီစွာ ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက်ရှိသော နိဗ္ဗာန်လမ်းမကြီး ဝဲ/ယာ အုတ်ရေ မြောင်း ပြုလုပ်ခြင်း၊နိဗ္ဗာန်(၇)လမ်း အုတ်စီ၍ လမ်းပုံဖော်ခြင်း၊ကွင်းပိုင်း(၃)လမ်း ပုံဖော်၍ လမ်းအောက်အမာ ခံထည့်ခြင်းစသည့် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက် ၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန် မှာကြား ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)