ညောင်တုန်းမြို့၌ မြို့ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်(၂)ခုဖွင့်လှစ်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစပ်မှုမရှိစေရေးအတွက် ညောင်တုန်း-ရန်ကုန် ကားလမ်းအပေါ် လမ်းအထူး (၂၁)ထိပ်နှင့် ကျုံတမာကျေးရွာအုပ်စု၊ တာကွေ့ကျေးရွာတို့တွင် မြို့ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်ဖွင့်လှစ်၍ ခရီးသွားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူဝင်/ထွက် စစ်ဆေးခြင်းတို့ကို ယမန်နေ့ နံနက် ၆ နာရီမှ စတင်၍ ဆောင်ရွက် လျက်ရှိသည်။

နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှလာရောက်သည့် MV.AFRICAN CARDINAL သင်္ဘောပေါ်မှ သင်္ဘောသား (၁၃) ဦး၊ ဘင်္ဂလာဒေ့နိုင်ငံမှလာရောက်သည့် M.V MAERSK BINTULU သင်္ဘောပေါ်မှ သင်္ဘောသား (၁၅) ဦး၊ ရုရှားနိုင်ငံမှလာရောက်သည့်

သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက သဲကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် သည်။

နမ့်ခမ်းမြို့၊ အလက-၃(ဟိုနောင်)ကျောင်းအား အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့် တိုးမြှင့် ဖွင့်လှစ်ပွဲ

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အလက-၃(ဟိုနောင်) ကျောင်းကို နမ့်ခမ်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့် တိုးမြှင့် ဖွင့်လှစ်ခြင်းကို ယနေ့၊ နံနက်(၉)နာရီအချိန်က အ.ထ.က(၃)၊ ဟိုနောင်ကျောင်း၌ ပြုလုပ်ကျင်းပသည်။

တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကာရာအိုကေဆိုင်များ ဖွင့်လှစ်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကာရာအိုကေဆိုင်များ ဖွင့်လှစ်မှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

သီပေါမြို့နယ်တွင် ပဲပုတ်အစေ့ထုတ် စံပြကွက်စိုက်ပျိုးသည့် တောင်သူများအား ပဲပုတ်မျိုးစေ့များ ထောက်ပံ့ ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပဲပုတ်မျိုးစေ့ထုတ် တောင် သူများနှင့် ပဲပုတ်စံပြကွက်စိုက်တောင်သူများအား ပဲပုတ်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ဖျာပုံမြို့၌ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အဖြစ် သစ်ပင်များစိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ အဖြစ် သစ်ပင်များ စိုက်ပျိုးပွဲကို ဖျာပုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဖျာပုံတံတား အနီး အားကစားခန်းမရှေ့တွင် ယမန်နေ့ ညနေ(၅)နာရီအချိန်၌ ဆောင်ရွက်ခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက လေးမျက်နှာမြို့ အထွေထွေရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကျင်းပခဲ့သည်။

လှိုင်းဘွဲမျိုးစေ့ခြံရှိ ဆင်းသုခစပါး ပျိုးထောင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ဆင်းသုခစပါးမျိုးစေ့ထုတ်စိုက်ခင်းဧရိယာများတွင် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ယမန်နေ့က ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး၊ ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးမှူးတို့က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင် မဲရုံများ လုံခြုံရေးအတွက် အထူးရဲ(၂၀၄)ဦး ခန့်အပ်ဆောင်ရွက်မည်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၂၀၄) ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to