ညောင်ရွှေမြို့၌ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဥယျာဉ်စီမံအုပ်ချုပ်မှု စီမံချက် ရေးဆွဲရေး (ဒုတိယအကြိမ်) ဆွေးနွေးပွဲပြုလုပ်

ညောင်ရွှေ      စက်တင်ဘာ      ၈

သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်းလေးကန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ စီစဉ်ပြုလုပ်သည့် အင်းလေးကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဥယျာဉ်စီမံအုပ်ချုပ်မှု စီမံချက်ရေးဆွဲရေးနိုင်ရေး (ဒုတိယအကြိမ်) ဆွေးနွေးပွဲကို စက်တင်ဘာ (၈)ရက် နံနက်(၉)နာရီအချိန်ခန့်က ညောင်ရွှေမြို့၊ နန္ဒဝန်ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အသီးသီးအမှာစကားပြောကြားခဲ့ကြပြီး အင်းလေးကန် ဘေးမဲ့တော အုပ်ချုပ်ရေး မှူး ဦးတင်မြစိုးက အင်းလေးကန်စီမံအုပ်ချုပ် လုပ်ကိုင်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြခဲ့သည်။

နေ့လည်ပိုင်းတွင် ဆွေးနွေးပွဲတက်ရောက်လာသူများက အင်းလေးကန် အုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ ကဏ္ဍများကို ခေါင်းစဉ်အလိုက် အကြံပြုဆွေးနွေးကြပြီး အင်းလေးကန်ထိန်းသိမ်းရေးဥပဒေနှင့် လုပ်ငန်းစီမံချက်များအပေါ် အကြံပြုသုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

 စိုင်းအယ်ဘဲ