ကျောင်းကုန်း စက်တင်ဘာ ၈
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ညှိနှိုင်းဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း က ကျောင်းကုန်းမြို့တွင်းသို့လာလျှင် ထောက်ခံစာပါရှိရမည်ဖြစ်ပြီး၊ ရန်ကုန်မြို့ Stay At Home သတ်မှတ် ထားသော (၇)မြို့နယ်နှင့် ရခိုင်ပြည်နယ်မှ လာသူများအားလုံး CBFQ (၂၁)ရက်နှင့် H Q(၇)ရက် နေထိုင်ရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေတို့က မြို့ဝင်စစ်ဆေးရေး ဂိတ်များမှ လုံခြုံရေးဆောင်ရွက်နေမှု၊ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ကြိုတင်စီမံထားမှုတို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက် လာသူများက အကြံပြုဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးတွင် လုံခြုံရေးဆောင်ရွက်နေသူများအား နံနက်စာ ကျွေးမွေးလှူဒါန်းနိုင်ရေးနှင့် အလှူရှင်မရှိပါက ကျန်းမာရေး အထောက်အကူပြု ကော်မတီမှ သုံးစွဲသွားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)