ရပ်စောက် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် ပရိတ်များရှိရာသို့ သွားရောက်၍ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရန် နှင့် စာပေ လေ့လာ ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နေ့လယ် (၁)နာရီအချိန်ခန့်က သုတ၊ ရသစာအုပ်စာစောင်များအား ကွင်းဆင်းငှားရမ်းပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါနယ်လှည့်စာကြည့်တိုက်အဖြစ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဆက်သွယ် ရေးလုပ်ငန်းနှင့် မြို့နယ် သမဝါယမ ဝန်ထမ်းများငွေစုငွေချေးစုပေါင်းရုံး တို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနမှဝန်ထမ်းများက သုတ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း ၊ ရက်သတ္တပတ် တစ်ပတ် အကြာ တွင် စာအုပ်များ ထပ်မံလဲလှယ်ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း ၊ အခြားဌာနများသို့လည်း အလှည့် ကျ သွားရောက်ငှါးရမ်းပေးသွားမည် ဖြစ်ကြောင်း၊ နယ်လှည့် စာကြည့်တိုက် လုပ်ငန်း ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလမ်းညွှန်ချက်များနှင့်အညီ ငှားရမ်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)