ချီဖွေမြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

ချီဖွေ       စက်တင်ဘာ  ၈

ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ ချီဖွေမြို့ အဝင်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ရေး ကြိုတင်ကာကွယ် ထိန်းချုပ်ခြင်း အတွက် အသိပညာပေးလုပ်ငန်းများကို စက်တင်ဘာလ (၆)ရက်နေ့မှ စတင်၍ မြို့အဝင်ဂိတ်၌ ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက နံနက် (၇) နာရီမှ ည (၈) နာရီ အထိ ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ခရီးသွားရာဇဝင်များစာရင်းရေးသွင်းခြင်း၊ နေအိမ်ပြင်သို့ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး၊ နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသည့် ခရီးသွားများအား နှာခေါင်းစည်း (Mask) တပ်ဆင်ရေး၊ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားသည့် လိုက်နာရမည့် လမ်းညွှန်ချက်များကို ပူးပေါင်းပါ ဝင်ပေးရန် အသိပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဇင်မာဝင်း (ပြန်/ဆက်)