ပြည်ကြီးမဏ္ဍိုင်မြို့တွင် စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် ဆင်းသွယ်လတ်စပါးမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးပြီးစီးနေမှုအားတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးကြည့်ရှုစစ်ဆေး

 ပြည်ကြီးမဏ္ဍိုင်၊  စက်တင်ဘာ   ၈

၂၀၂၀-၂၀၂၁ မိုးစပါးစိုက်ပျိုးရေးရာသီ COVID-19 ကာလအတွင်း CERP စီးပွားရေးကုစားမှုအစီအစဉ်အနေဖြင့် တောင်သူများအား တစ်ဦးလျှင်  (၂)  ဧကနှုန်းဖြင့်   စပါးများစိုက်ပျိုးလျှက်ရှိရာ   တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ကွင်းအမှတ် (၅၇၈) လယ်မြေ (၂၀) ဧကတွင် တောင်သူ (၁၀) ဦစိုက်ပျိုးထားသော  ဆင်းသွယ်လတ်မျိုးစေ့ထုတ် စပါးစိုက်ခင်းစိုက်ပျိုးပြီးစီးနေမှုအား စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီက  စိုက်ပျိုးရေးဦးစီးဌာန  တိုင်းဒေသကြီးဦးစီးမှူး  ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းစိုးနှင့်တိုင်းဒေကြီး မြေ/မျိုး/ပိုးတာဝန်ခံတို့မှ  ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ   ပြည်ကြီးမဏ္ဍိုင်မြို့ စိုက်ပျိုးရေးဦးစီးမှူးမှ လိုက်လံပြသသည်။

အဆိုပါ ဆင်းသွယ်လတ်စပါးမျိုးစိုက်ခင်း (၂၀) ဧကကို ပြည်ကြီးမဏ္ဍိုင်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသန်းဇော်မိုးက ကြီးကြပ်စိုက်ပျိုးထားပြီး ဆင်းသွယ်လတ်မျိုးစပါး(၁)ဧက အထွက်နှုန်းမှာတင်း (၁၂၀) ဖြစ် ကြောင်း သိရသည်။

မျိုးလွင်(ပြန်/ဆက်)