ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ယနေ့ မွန်းလွဲ၂ နာရီ အချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာအမှတ် ၁၅၉၂ အသက် ၂၆ နှစ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်၊ ကျောက်မြောင်းမြို့နေသူသည် မွေးဖွားရာဇာတိဖြစ်သည့် ဟိုပုံးမြို့၊ အနောက်ရပ်ကွက်၊ နယ်မြေ(၆)၊ နေအိမ်သို့ ဩဂုတ်လ ၃၀ ရက်တွင် ကိုယ်ပိုင်ကားဖြင့် ရောက်ရှိလာခဲ့ကြောင်း၊ စက်တင်ဘာလ ၃ ရက်နေ့တွင် အနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ခရီးသွားကျန်းမာရေး ထောက်ခံစာရယူခဲ့ကာ စက်တင်ဘာလ ၄ ရက်နေ့၌ ဟိုပုံးမြို့မှ ဟဲဟိုးလေဆိပ်သို့ ထွက်ခွာခဲ့ပြီး ဟဲဟိုးလေဆိပ်မှတစ်ဆင့် ရန်ကုန်မြို့သို့ Golden Myanmar airway လေကြောင်းလိုင်းဖြင့် လိုက်ပါသွားခဲ့ကြောင်း၊ နိုင်ငံခြားသို့ ခရီးထွက်ခွာရန် အစီအစဉ်ရှိသဖြင့် ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့ရာမှ ရောဂါပိုးတွေ့ရှိသူဖြစ် ကြောင်း သိရသည်။