အင်းစိန်မြို့နယ်တွင် မြို့နယ်အဆင့် စီမံချက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် မြို့နယ်အဆင့် စီမံချက်တစ်ခုအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့်တင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ကျန်း မာရေးဌာနတို့၏ လမ်းညွှန်မှုများနှင့် ယနေ့ နံနက်(၉)နာရီက အင်းစိန်မြို့နယ် အတွင်းရှိ (၂၁)ရပ်ကွက်သို့ ဒေါက်တာ မိုးမိုးမြင့် ဦးဆောင်သော အဖွဲ့တို့မှ တစ်အိမ်တစ်ဆင်း ကိုယ်အပူချိန် တိုင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အင်းစိန်မြို့နယ်(၂၁)ရပ်ကွက်အတွင်း ရပ်ကွက်အလိုက်၊ နယ်မြေအလိုက် ကျန်းမာရေးဝန်ထမ်း (သို့မဟုတ်) ကြက်ခြေနီတစ်ဦး၊ ရာအိမ်မှူးတစ်ဦး၊ အကူတစ်ဦး၊ အဖွဲ့ငယ်များ ဖွဲ့စည်း၍ တစ်အိမ်တက် တစ်အိမ်ဆင်း အိမ်ရှိလူအားလုံး အပူချိန်တိုင်းတာခြင်း၊ ထူးခြားဖြစ်စဉ် မှတ်သားခြင်းတို့ကို မြို့နယ်အဆင့် စီမံချက်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြသည်။

ပြည်သူများအနေဖြင့် ကြည်ဖြူစွာ ကိုယ်အပူချိန်တိုင်းခံခြင်း၊ မေးမြန်းချက်များကို မှန်ကန်စွာ ဖြေကြားခြင်း၊ စသည့်လိုအပ်ချက်များကို အပြုသဘောနှင့် အကြံဉာဏ်ပေး ဆွေးနွေးကြခြင်းအား ကိုဗစ်-၁၉ ရောဂါ ကော်မတီဝင် ဌာနဆိုင်ရာ အကြီးအကဲများတို့က ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မျိုးသန့်(ပြန်/ဆက်)