ဖျာပုံမြို့၌ တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဖျာပုံ  စက်တင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ မြို့မဈေးအတွင်းနှင့် မြောက်ပိုင်းဈေးအတွင်းရှိ တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့မှ စစ်ဆေးရေးမှူးများ ပူးပေါင်း၍ ဖျာပုံမြို့ မြို့မဈေးအတွင်းနှင့် မြောက်ပိုင်း ဈေးအတွင်းရှိ ကြက်သားရောင်းချသည့် ဆိုင်(၁၅)ဆိုင်အား စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ဖျာပုံမြို့တွင် တရားမဝင် အေးခဲကြက်သား၊ ကြက်ကလီစာများ ရောင်းချခြင်းမရှိဘဲ စည်ပင်မှ တရားဝင်လိုင်စင် C ထုတ်ပေးထားသောအသားများသာ ရောင်းချကြောင်းနှင့် အေးခဲသား ရောင်းချမှုများ စစ်ဆေး တွေ့ရှိပါက ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

လှလှနွယ် (ခရိုင်ပြန်/ဆက်)