ငဖဲမြို့နယ်၌ ကိုယ်အင်္ဂါမသန်စွမ်းသူ( ၁၈၆)ဦးအား ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

ငဖဲ  စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ ထောက်ပံ့ကြေးမရရှိသေးသော ကိုယ်အင်္ဂါမသန်စွမ်းသူ(ထပ်တိုး)များအတွက် ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှပေးပို့သော ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးဆန်းထွန်း က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကိုယ်အင်္ဂါမသန်စွမ်းသူ (၁၈၉)ဦးအတွက် တစ်ဦးလျင် ငွေကျပ် ၃ဝဝဝဝိ/- နှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၅၆၇ဝဝဝဝိ/- ကိုတာဝန်ရှိသူများကကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းနှင့် ကျေးရွာအုပ်စုများမှ မသန်စွမ်းသူများအား ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ထောက်ပံ့ငွေများ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)