ဂန့်ဂေါမြို့ မြို့မရပ်ကွက်ရှိ သိန္နိလမ်း အဆင့်မြှင့်တင်

ဂန့်ဂေါ စက်တင်ဘာ ၈

ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ မြို့မအရှေ့ကျောင်းလမ်းနှင့် ဗိုလ်ချုပ်လမ်းကို ဆက်သွယ်သည့် သိန္နိလမ်းပိုင်းအား မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါ လမ်းမှာ အရှည်ပေ(၃၅၈)ပေ၊ လမ်းအကျယ်(၁၂)ပေရှိလမ်းကို ထု(၈)လက်မရှိ မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်သည်။   မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေကျပ်(၈၉၅၀၀၀၀/-)တိတိဖြင့် ဩဂုတ်လ(၂၅)ရက်မှ စတင်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် အဖွဲ့၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ယခုနှစ်တွင် မြို့ပေါ် ရပ်ကွက်များရှိ လမ်းပေါင်း(၂၁)လမ်းတွင် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ အဆိုပါ အဆင့်မြှင့်တင်သည့် လမ်းများ၌ ကတ္တရာလမ်း(၈)လမ်း(အရှည် ၁ မိုင် ၅.၀၂ ဖါလုံ)၊ ကွန်ကရစ်လမ်း (၆)လမ်း(အရှည် ၅.၇၂ ဖါလုံ)၊ ကျောက်ချောလမ်း(၅)လမ်း(အရှည် ၇.၅၇ ဖါလုံ)၊ မြေသားလမ်း(၂) လမ်း(အရှည် ၁.၀၅ ဖါလုံ)တို့ကို ဆောင်ရွက်ကြောင်း သိရသည်။

မျိုးမင်းသန်း(ပြန်/ဆက်)