ရွှေတောင် စက်တင်ဘာ ၈
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးမှုဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အစည်းအဝေးပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြော ခြင်းနှင့် မဲဆွယ်စည်းရုံးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသော ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြော ခြင်းနှင့် မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့် စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပါတီအသီးသီးမှ တက်ရောက်လာကြသူများက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးရာတွင် လိုက်နာရ မည့် စည်းကမ်းများနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)