ပဲခူး စက်တင်ဘာ ၈
ပဲခူးမြို့နယ် စည်ပင်သာယာအဖွဲ့မှ ဦးဆောင်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီး ဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ပရဟိတအဖွဲ့တို့ ပူးပေါင်းကာ ယနေ့ နံနက်(၁၀) နာရီက ပဲခူးမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှုအခြေအနေများ ကွင်းဆင်းစစ်ဆေးကြ ကြောင်း သိရသည်။
ပဲခူးမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် အပါအဝင်(၁၈)ဆိုင်အား စစ်ဆေးကြရာ ဆိုင်များတွင် လက်ဆေးဘေစင်များ တပ်ဆင်ထားခြင်းရှိ/မရှိ၊ သတ်မှတ် ထားသော အကွာအဝေးနှင့် စားပွဲပေါ် တွင် အကာအရံထားရှိမှု အခြေအနေများအား စစ်ဆေးကြရာ အချို့ဆိုင်များတွင် လိုအပ်ချက်များရှိနေသောကြောင့် ပညာပေးအနေဖြင့် လိုအပ်သည်များစီစဉ်ဆောင်ရွက်ထားရှိရန် ပြောကြားပေးပြီး ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းအား ညွှန်ကြားချက်များ ရောက်ရှိပါက စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လိုက်လံစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း သိရသည်။
ဟိန်းထက်(ပဲခူး)