နမ္မတူ စက်တင်ဘာ ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပခြင်းကို ယနေ့ မွန်းတည့် (၁၂)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နမ္မတူမြို့နယ်ကလေးသူငယ်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးထက်အောင်ဖြိုးက အမှာစကားပြောကြားပြီး၊ မြို့နယ်ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ကော်မတီ အတွင်းရေးမှူး ဒေါ်ယုဝေခိုင် က ကလေးသူငယ်များရဲ့ အဓိက အခွင့်အရေး (၄)ရပ်ဖြစ်တဲ့ အသက် ရှင်သန့်ခွင့်၊ ဖွင့်ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ခွင့်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသော ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်များက အကြံပြုဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)