ကျောက်ပန်းတောင်းမြို့နယ်ရှိ Community Based Facility Quarantine Center များတွင် တာဝန်ထမ်းဆောင်နေကြသော စေတနာ့ဝန်ထမ်းများ၏ သယ်ယူပို့ဆောင် သွားလာစရိတ် ရက် (၃၀) စာပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ Community Based Facility Quarantine Center များတွင် တာဝန်ထမ်းဆောင်နေကြသော စေတနာ့ဝန်ထမ်းများ၏ သယ်ယူပို့ဆောင်သွားလာစရိတ်တစ်ရက်လျှင် ငွေကျပ်

မင်းလှမြို့တွင် သွေးလွန်တုပ် ကွေးရောဂါကြိုတင်ကာကွယ် ရေးဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာ ပေးပြီး အဘိတ် ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်း‌ဒေသကြီး၊သရက်ခရိုင်၊မင်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက မိုးရာသီကာလအတွင်းဖြစ်ပွားတတ်သော သွေးလွန်တုပ် ကွေးရောဂါ မဖြစ်ပွား စေရေး ကြိုတင်ကာကွယ်ရန်အတွက်ဖုံး၊သွန်၊လဲ၊စစ်၊အသိပညာပေးပြီး အဘိတ် ဆေး ခတ် ပေးခြင်းလုပ်ငန်းများကို တောင်ရပ်ကွက်တွင်ယမန်နေ့နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ သည်။

အောင်လံမြို့၌ ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်−၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်က အ-ထ-ကထ(၁)ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့ သည်။

သရက်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းနှင့် စုဝေးဟောပြောခြင်းဆိုင်ရာစည်းကမ်းချက်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းနှင့် စုဝေးဟောပြောခြင်းဆိုင်ရာစည်းကမ်းချက်များ ညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ နေ့လယ်(၁)နာရီခန့်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့တွင် အရည်အသွေးကောင်းပြီး ရောင်းအားလည်းကောင်းသည့်အတွက် အုတ်လုပ်ငန်းရှင်များ အဆင်ပြေ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အမှတ်(၂) ကျောက်တခါးရပ်ကွက်မှ အုတ်ထုတ်လုပ် ရောင်းချသူများသည်။ ထုတ်လုပ်သည့်အုတ်များ အရည်အသွေးကောင်းသလို ရောင်းအားလည်းကောင်း လို့ အုတ်လုပ်ငန်းရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခေတ်စနစ်တွေ တိုးတက်ပြောင်းလဲလာသော်လည်း မြန်မာလူငယ်လူရွယ်ကလေးများ မြန်မာ့ ရိုးရာ ဝတ်စုံများကိုသာ ရိုးရာမပျက်ဝတ်သွားစေချင်

စာရေးသူသည် တောရွာမှာမွေးဖွားပြီး တောဓလေ့ တောသဘာဝကိုကြိုက်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကိုချစ်မြတ်နိုးသည်။ ဒါကြောင့် စာရေသူရေးသားလိုက်တဲ့ သတင်းနဲ့ ဆောင်းပါး အတော်များများဟာ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနဲ့ တောဓလေ့တောရွာများ အကြောင်ကများသည်။

သီပေါမြို့နယ် စည်ပင်သာယာရေးဌာနမှ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်း က မြို့မစျေး၊ ဝက်ဝံယာယီပျံကျစျေး၊ မီးပွိုင့်လမ်းဆုံများ၊ ရပ်ကွက်(၁၁)ရပ်ကွက်နှင့် မြို့အနီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဒုတိယကြိမ်မဲစာရင်းများ​ကြေညာနိုင်​ရေး​ ကော့ကရိတ်မြို့နယ်​ကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲစာရင်းများထပ်မံစိစစ်​

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်​နေ့တွင်ကျင်းပမည့် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် ကရင်ပြည်နယ်၊​ ကေ့ာကရိတ်မြို့၊ မြို့နယ်​ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာ​​ကြေညာဆောင်ရွက်နိုင်​ရေးအတွက်​ ကော်မရှင်အဖွဲ့ခွဲဝင်များမှ ထပ်မံစစ်​ဆေး​ဆောင်ရွက်လျှက်ရှိ​ကြောင်း သိရသည်။

ဘုတလင်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၈၀၀) ကျော်အား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ် စီမံခန့်ခွဲမှုကော်မတီရုံး မဟာဗန္ဓုလ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to