ထားဝယ်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

ထားဝယ်၊ စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်

အစည်းအဝေးတွင် ထားဝယ်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ကလေးသူငယ်များ၏အခွင့်အရေးများကို ဥပဒေနှင့်အညီရရှိအောင် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကော်မတီအနေဖြင့် တက်ကြွစွာဆောင်ရွက်လျက်ရှိကြောင်း ကလေးသူငယ်အခွင့်အရေးများ မှန်မှန်ကန်ကန်ရရှိရန်ဘက်ပေါင်းစုံက ကာကွယ်စောင့်ရှောက်မှုများကိုပေးခြင်းအားဖြင့် ကလေးများ၏ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်လာကြပြီး လူ့အသိုင်း အဝိုင်းကို  အကျိုးပြုနိင်မည့်သူများဖြစ်လာကြမှာဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခပြဿနာများနှင့်ရင်ဆိုင်ကြုံတွေ့နေရသော ကလေးများကို ဥပဒေနှင့်အညီ ၄င်းတို့၏အခွင့်အရေးများ မဆုံးရှုံးစေရန်နှင့်အကျင့်စာရိတ္တပြုပြင်ရေးကို ရှေးရှုဆောင်ရွက်ပေးရမှာဖြစ်ကြောင်းကော်မတီများအနေဖြင့်ကလေးသူငယ်များ၏ အကျိုးစီးပွားအတွက် ဝိုင်းဝန်းစဉ်းစား၍ အကြံပြုပေးစေလိုကြောင်းပြောကြားသည်

ထိုနောက် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများအကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ကော်မတီဝင်များက ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာဥပဒေများ၊ အခွင့်အရေးများနှင့် ရှေ့ဆက်ဆောင်ရွက်မည်လုပ်ငန်းစဉ်များအကြောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးကာ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်က အစည်းအဝေးဆုံးဖြတ်ချက်များကိုချမှတ်ခဲ့ကြောင်း သတင်းရရှိသည်

ကျော်ကျော်လတ်(ပြန်/ဆက်)