သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဆင်ပေါင်ဝဲ     စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈နာရီက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာလုပ်ငန်းများကို ကိုးပင်ကျေးရွာ၊ ချောင်းကောက် ကျေးရွာ၊ အင်းပက်လက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာ ပေးလုပ်ငန်းများဆောင်ရွက်ရာတွင် အများပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသော ပြည်သူများသို့ ပန်ကြားချက်များ၊ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေး အန္တရာယ်များအား အများပြည်သူသိရှိ လိုက်နာနိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းထံမှ သိရသည်။

အိဖြူဖြူမောင်(ပြန်/ဆက်)