ဝမ်းတွင်း စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး မြို့ နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်စိုးမှ အဖွင့်စကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်မှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုင်းအဆင့်/ခရိုင်အဆင့်မှ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစံမင်းအောင်မှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဈေးများအတွင်း ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်နှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်စိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာလုပ်အားရှင်များ တက်ရောက်ကာ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားဦးမှု မရှိစေရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက် နေမှုများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)