ဆင်ပေါင်ဝဲမြို့ ၊ ဈေးရောင်း၊ ဈေးဝယ်များအား Mask တပ်ဆင်စေရေး၊ စည်ပင်သာယာဈေးအတွင်း ကြပ်မတ်ဆောင်ရွက်

ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ပျံ့ပွားမူ မရှိစေရေး အတွက် စည်ပင်သာယာဈေးတွင် ဈေးရာင်းချသူ၊ဈေးဝယ်သူများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမူဆောင်အရာရှိ ဦးစောသိန်းဦးနှင့် ဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း ၊ နှာခေါင်းစည်း Mask များ တပ်ဆင် စေခြင်း လုပ်ငန်း များကို ယမန်နေ့ နံနက် ( ၈ ) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမူ မရှိစေရန် ထိန်းချုပ်ကာကွယ်ရေးအနေဖြင့် အသားငါးဈေးဆိုင်ခန်း များအား ပိုးသတ်ဆေးပက်ဖျန်းခြင်း၊ ဈေးရောင်းချသူများအား တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာထားရှိခြင်း၊ နှာခေါင်းစည်း Mask များတပ်ဆင်စေခြင်း၊ဈေးအဝင်ပေါက်များတွင် လက်ဆေးဘေစင်များ ထားရှိပေးခြင်း၊ အပူချိန်တိုင်း တာရန်နှင့် နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းရှိ/မရှိစစ်ဆေးရန် ဝန်ထမ်းများအား တာဝန်ချထားခြင်း၊ နှာခေါင်းစည်း Mask များမပါဘဲ ဈေးလာရောက်သူများအား ချက်ချင်းဝယ် ချက်ချင်းတပ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အမူဆောင်အရာရှိ ဦးစောသိန်းဦး ထံမှ သိရသည် ။

ချိုချိုဝင်း(ပြန် / ဆက်)